စာလုံးပေါင်းသတ်ပုံ

❝ခ,ဂ,င,ဒ,ပ,ဝ ခြောက်လုံး မောက်မောက်ချ❞ ဆိုသည်မှာ ခကွေး၊ ဂငယ်၊ င၊ ဒဒွေး၊ ပစောက်၊ ဝလုံး ဟူသည့် မြန်မာအက္ခရာ (၆) လုံးကို ရေးချ(၂) မျိုးရှိသည့်အနက် ဝိုက်ချ(ာ) ကို မသုံးဘဲ မောက်ချ(ါ )ကိုသုံးရမည့်အကြောင်းအတိုကောက်မှတ်သားကြခြင်းဖြစ်သည်။ အကယ်၍ ဤ အက္ခရာ(၆)လုံးကို ဝိုက်ချနှင့်ရေးခဲ့သော် ခာ သည် ဆ၊ ဂာ သည် က၊ ငာ သည် တ,လိုလို က,လိုလို၊ ဒာ သည် အ၊ ပာ သည် ဟ၊ဝာ သည် တ နှင့် ဆင်တူယိုးမှား အဖတ်မှားနိုင်သည်။ ထိုအခြေအနေကို ရှောင်ရှားဖို့ရန် မောက်ချ ပေါ်လာရသည်။ သို့သော် ရေးချ အပြင် ယပင့်(ျ,)၊ ရရစ်(ြ)၊ ဝဆွဲ(ွ) ၊ ဟထိုး(...
Read post